Events
AJC မှ ကြီးမှူးကျင်းပသည့် “Online Workshop on Branding and Merchandising for Traditional Craft and Textile Industry” သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက် ရောက်လျက်ရှိ
Updated At: 2022-08-12 10:36:14
အာဆီယံ- ဂျပန်စင်တာ (AJC) မှ ကြီးမှူး၍ ရိုးရာလက်မှုပစ္စည်းနှင့်အထည်အလိပ်ကဏ္ဍ တိုးတက်ရေးအတွက် ကုန်အမှတ်တံဆိပ်မြှင့်တင်ခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုဆိုင်ရာ “Online Workshop on Branding and Merchandising for Traditional Craft and Textile Industry” ကို သြဂုတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျက် ရှိပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ( Online Workshop ) ကို ကုန်အမှတ်တံဆိပ်မြှင့်တင်ခြင်း၊ ထုတ်ကုန်ဒီဇိုင်းနှင့် စျေးကွက်ရှာဖွေခြင်းကဏ္ဍများတွင် (၂၃) နှစ်ကျော် အတွေ့အကြုံရှိသော အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင်က ဆွေးနွေးပို့ချပေးလျက်ရှိပြီး ပါဝင်တက်ရောက်သူများအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်း များအတွက် ကုန်အမှတ်တံဆိပ်မြှင့်တင်ရေး လုပ်ငန်းစဉ်များ၊ ဈေးကွက်ရှာဖွေခြင်း၊ ချဲ့ထွင်ခြင်းစသည့် သဘောတရားများကို စာတွေ့လက်တွေ့ ဆောင်ရွက်ကာ သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ အစိုးရကိုယ်စားလှယ်များ ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်အလိပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနှင့် ပြည်နယ်/ တိုင်းအသီးသီးမှ လုပ်ငန်းရှင်(၂၀)ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
TD ( Myantrade )
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026